ထိုင်းနိုင်ငံက သံတမန်ဟောင်းကို သတ်ဖြတ်ခဲ့မှုနဲ့ မြန်မာအမျိုးသားတစ်ဦးကို ဖမ်ဝရမ်းထုတ်

အောက်တိုဘာလ ၁၀ ရက် ၊ ၂၀၂၃ ခုနှစ်

ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးဟောင်း H.E.  Vichit Chitvimarn ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ စနေနေ့မှာ မကြာသေးမီကပြောင်းရွှေ့နေထိုင်ခဲ့တဲ့ သူပိုင်ဆိုင်တဲ့ ဘန်ကောက်မြို့ရှိ ဝိဖာဝဒီလမ်း ဗီလာမှာ အသတ်ခံရပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဘန်ကောက်မြို့ ချတ်ချတ်ခရိုင်ရှိ အိမ်တစ်အိမ်အတွင်း ထိုင်းသံတမန်ဟောင်းတစ်ဦးကို သတ်ဖြတ်မှုနဲ့ သံသယရှိသူ မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးဖို့အတွက် စာရွက်စာတမ်းတွေနဲ့ အထောက်အထား‌တွေကို ထိုင်းတရားရုံး‌တွေမှာ တင်သွင်းခဲ့ပါတယ်။

အဆိုပါ သံသယရှိသူမှာ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းမြတ်မိုးဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတာပါ။

ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Soi Vibhavadi Rangsit 20 ရွာရှိ သေဆုံးသူရဲ့ နေအိမ်မှာ အောက်တိုဘာ ၈ ရက်‌နေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လုပ်ကြံသူက နေအိမ်အတွင်းကို ဝင်ရောက်လာပြီးနောက် နှစ်ဦးသား ပြင်းထန်စွာ ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ပါတယ်။  ဒုတိယထပ်သို့ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တာကိုတွေ့ရှိရသော်လည်း လိုက်ပြီး သတ်ဖြတ်ခံထားရပါတယ်။

သံသယရှိသူက အိတ်ကြီးတစ်အိတ်ကို ကိုင်ဆောင်ထားပြီး ရွာကနေ ထွက်ခွာလာတဲ့  CCTV မှတ်တမ်းမှာ ဖမ်းမိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။  အနက်ရောင် ရှပ်အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ သားရေကျောပိုးအိတ်ကို ၀တ်ဆင်ထားပြီး သူ့ရဲ့မျက်နှာကို ဖုံးကွယ်ဖို့ mask တပ်ထားတဲ့ အမျိုးသားက တက္ကစီနဲ့ ထွက်ခွာသွားပါတယ်။

တက္ကစီစီးကာ ရွာမှထွက်ပြီးနောက် စိုင်းမြတ်မိုးသည် လက်ဗရာအိုနယ်မြေရှိ ကုန်တိုက်တစ်ခုမှာ ရပ်တန့်ပြီး ငွေအမြောက်အမြား ထုတ်ယူခဲ့ပါတယ်။ ဒါ့အပြင် မြောက်ဘက်ဘတ်စ်ကားဂိတ် (Mo Chit 2) သို့ သွားပြီး ချင်းရိုင်ခရိုင်ကိုထွက်ခွာတဲ့ လက်မှတ်တစ်စောင်ဝယ်ကာ တစ်ဖက်နိုင်ငံသို့ ပုန်းအောင်းဖို့ ရည်ရွယ်ပြီး ထွက်ခွာသွားပါတယ်။

အာဏာပိုင်တွေက အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ကာ အမှုကို ပြင်းပြင်းထန်ထန် စုံစမ်းလုပ်ဆောင်ခဲ့ပြီး သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။  CCTV မှတ်တမ်းကို အသုံးပြုပြီး သံသယရှိသူရဲ့ လှုပ်ရှားမှု‌တွေကို ခြေရာခံနိုင်ခဲ့ပြီး နစ်နာသူရဲ့အိမ်အနီးမှာ ထွက်လာပြီး တက္ကစီခေါ်တဲ့အထိ သိရှိထားရပြီးဖြစ်ပါတယ်။  သံသယရှိသူက အခင်းဖြစ်ပွားရာနေရာသို့ ရက်အတန်ကြာစောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ လတ်တလောဖြစ်ရပ်တွေက သီးခြားဖြစ်ရပ်‌တွေမဟုတ်သော်လည်း မြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ အကြမ်းဖက်မှုနဲ့ နိုင်ငံရေးမငြိမ်သက်မှုတွေ ပိုမိုကျယ်ပြန့်လာတာကို ထင်ဟပ်စေပါတယ်။  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံမငြိမ်မသက်ဖြစ်နေပြီး ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာကာ စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းမှုတွေနဲ့ နိုင်ငံအတွင်းရော ပြည်ပပါ ရာဇ၀တ်မှုနှုန်းဆွေ မြင့်တက်လာခဲ့ပါတယ်။

စွပ်စွဲခံရသူ‌တွေအနေနဲ့ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံတွေမှာ ပြင်းထန်တဲ့ ဥပဒေကြောင်းအရ ဂယက်ရိုက်တာကို ရင်ဆိုင်နေရပါတယ်။ဒါ့အပြင် အဆိုပါဖြစ်ရပ်တွေက ကမ္ဘာတစ်ဝှမ်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား‌တွေအပေါ် ခံယူချက်နဲ့ လူမှုဆက်ဆံ‌ရေးအပေါ် သက်ရောက်မှု‌တွေရှိနိုင်ပါတယ်။

Ref : BNN Breaking & Thailand Posts English
Photo : BNN Breaking & Channel 3