တည်ဆောက်ဆဲ မိုးပျံတံတား ပြိုကျမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

တည်ဆောက်ဆဲ မိုးပျံတံတား ပြိုကျမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ဘန်ကောက်၊ ဇူလိုင် ၁၁

ဘန်ကောက်မြို့မှာ တည်ဆောက်ဆဲ မိုးပျံတံတားတစ်စင်းဟာ တနင်္လာနေ့က ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ ထိုင်းနိုင်ငံ မြို့တော် အရှေ့ဘက် လက်တင်ကရာဘန်းမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး တံတားရဲ့ သံကူနဲ့ ကွန်ကရစ်အပိုင်းက ပြိုကျခဲ့တာပါ။

သေဆုံးခဲ့သူ၂ မှာ ဆောက်လုပ်ရေးလုပ်ငန်းကြီးကြပ်သူ အင်ဂျင်နီယာနဲ့ အခြား အမျိုးသားတဦးဖြစ်တယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။

မတော်တဆမှုဖြစ်ပွားရာ နေရာတဝိုက်မှာတော့ လျှပ်စစ်မီးပြတ်တောက်နေပြီး ဒဏ်ရာရသူ ၁၃ ဦးကို ဆေရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။

အဲဒီမိုးပျံလမ်း တည်ဆောက်ဖို့အတွက် Tharawan Construction Ltd နဲ့ Napa Construction Co,Ltd ကို ဘန်ကောက်မြို့တော်အာဏာပိုင်များက ၂၀၂၁ ဖေဖော်ဝါရီလတွင် ဖက်စပ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပြိုကျသည့် မိုးပျံလမ်း အစိတ်အပိုင်းသည် လာမည့်နှစ်တွင် အပြီးသတ်ရန်စီစဉ်ထားသည့် Onnuch-Lat Krabang မိုးပျံလမ်းစီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ပြီးခဲ့တြံ မေလကလည်း လေပြင်းတိုက်ခတ်မှုကြောင့် ဘန်ကောက်မြို့ရဲ့ မြောက်ဘက် ၃၀၀ ကီလိုမီတာအကွာ Phichit ပြည်နယ်ရှိ စာသင်ကျောင်းအမိုးပြိုကျမှုကြောင့် ကလေးငယ်လေးဦး အပါအဝင် လူခုနစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Refer; Bankok Post