စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်လို့ ခေတ်နောက်မီးရွာကဒေသခံတစ်ဦးဒဏ်ရာရရှိ

အောက်တိုဘာလ၂၀ရက်၊ ၂၀၂၃ခုနှစ်

 

ပဲခူးတိုင်း၊ဖြူးမြို့နယ် ၊ခင်ကြိီးရွာအုပ်စုရှိခေတ်နောက်မီးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး

ဒေသခံအမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အောက်တိုတိုဘာလ ၁၉ရက်နေ့ နေ့လည်၃ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၄၃၉တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ခေတ်နောက်မီး ကျေးရွာအတွင်း လက်နက်ကြီး

၃လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၈ နှစ်ဝန်းကျင်အရွယ် မောင်စိုးလင်းဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

“မွန်းလွဲ2:55အချိန်လောက်ကစစ်ခွေး ၄၃၉ တပ်ရင်းကခင်ကြီးရွာ မြောက်ဘက်ဘုရားငါးစူကနေ ခေတ်နောက်မိီးရွာအတွင်းကိုလက်နက်ကြီးသုံးလုံးပစ်စ်ချတာရွာသားတစ်ဦးဒဏ်ရာရတယ် ညာဘက်လက်မောင်းဒဏ်ရာရတယ်မစိုးရိမ်ရဘူးအခုကတိုက်ပွဲတွေလည်းနေရာတိုင်းလိုဖြစ်နေတာ”လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ခမရ ၄၃၉ ကနေ ခင်းကြီးရွာအတွင်း နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုကာ ကျေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလိုခေတ်နောင်းမီးရွာထဲကိုလည်းလက်နက်ကြိီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း လက်နက်ကြီး၃လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာမျိုးကိုတော့မသိရှိရသေးဘူးလို့ ခင်ကြီးရွာကဒေသခံအမျိုးသားတစ်ဥိီးကပြောပါတယ်။

“ခင်ကြီးရွာကိုမနေ့ကလက်နက်ကြီးတွေပစ်နေတယ်ရွာထဲမှာpdfတွေရောက်နေလို့တဲ့မနေ့ကလက်နက်ကြီး၃လုံးကျတယ်ရွာထဲအသေအပျောက်တော့မသိ သေးဘူး ခင်ကြီးနဲ့ခေတ်နောင်းမီးကရွာကပ်လျက်ပဲခမရ ၄၃၉ကလေခဏခဏရွာတွေကိုလက်နက်ကြိီးနဲ့ ပစ်နေလို့ ရွာကလူတွေတောင်သိပ်မနေကြတော့ဘူး”လို့ သူကပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့လောက်လည်း ကညွှတ်ကွင်းအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် အခုလက်ရှိအချိန်မှာလည်း နှစ်ဖက်စစ်ရေး အခြေနေတင်းမာနေတဲ့အခြေအနေဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်အာဏာသိမ်းပြိီးနောက်ပိုင်း ဖြူးမြို့နယ်အတွင်းကကျေးရွာတွေကိုစစ်ကောင်စီတပ်က ညတိုင်းလက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဖြူးမြို့နယ်အရှေ့ဘက်ခြမ်းကကျေးရွာတွေဘက်က လမ်းတွေကိုလည်း စစ်ကောင်စီတပ်က ဘူဒိုဇာတွေဖျက်ဆီးထားတယ်လို့ ဖြူးမြို့ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းက မြို့နယ်တော်တော်များများကို စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို ၊နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေပြီး၊ပြီးခဲ့တဲ့အောက်တိုဘာလ၁၇ရက်နေ့တုန်းကလည်းညောင်လေးပင်ခရိုင်အတွင်းစစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်၃ စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်KNLA ရဲဘော်သုံးဦးနဲ့ ဒေသခံပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)