စစ်ကောင်စီက မိုးဗြဲမြို့ကို ဖြတ်သန်းချိန် ကားပေါ်ကနေ ရမ်းပစ်လို့ ဒေသခံ သုံးဦး ကျည်ထိ


မေ ၁၉ ရက် ၊ ၂၀၂၃ ခုနှစ်

စစ်ကောင်စီတွေက ကားတန်းပေါ်ကနေ ရမ်းသမ်းပစ်ခတ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ ပြည်သူ ၃ ဦး သေနတ်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၈ ရက် မနက် ၁၁ နာရီခန့်မှာ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ကား ၁၀ စီးခန့်ဟာ မိုးဗြဲမြို့ကို ဖြတ်သွားချိန် ကားပေါ်ကနေ သေနတ်တွေကို ရမ်းသမ်းပစ်ခတ်သွားကြတာဖြစ်ပါတယ်။

အဲ့ဒီလို ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ထဲမှာ ရှိနေတဲ့ ပြည်သူ သုံးဦးဟာ ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာလို့ မိုးဗြဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒါ အရပ်သားတွေကို သပ်သပ် ပစ်ခတ်တာ။ စစ်ရာဇဝတ်မှုပဲ။ အရပ်သားတွေကို လုပ်ချင်သလိုလုပ်မှာပေါ့ ။ သူတို့ရှေ့တန်းမှာ ခွေးသေနွားသေ ခံနေရတာလေ” လို့ မိုးဗြဲမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

KhamHti Radio ( PRM)