
အောက်တိုဘာလ ၃၁ရက် ၊၂၀၂၃ခုနှစ်
ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ကျိုက်ဒုံမြို့က အဇင်းရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေ တာကြောင့် ရွာချင်းဆက်လမ်းတွေကို KNLAပူးပေါင်တပ်ဖွဲ့တွေဘက်မှ ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
အောက်တိုဘာလ နောက်ဆုံးအပတ်လောက်ကနေစပြီးကျိုက်ဒုံမြို့နယ်က အဇင်းရွာကနေ ပိုင်ခလိုင်ရွာထိကို KNLAပူပေါင်းတပ်ဖွဲ့တွေဘက်မှ လမ်းပိတ်ဆို့ထားသလို အောက်တိုဘာ လ(၂၉) နေ့ထိလည်း အဇင်းရွာမှာစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့ တိုက်ပွားတွေဖြစ်ပွားနေပြီး အဇင်းရွာထဲကိုလည်း ဒေသခံရွာသခံတွေကလွဲပြီး တခြားသူတွေမှာ ရွာထဲဝင်ခွင့် မရှိဘူးလို့ ကျိုက်ဒုံမြို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ပြီးခဲ့တဲ့၂ ရက်လောက်ထိပစ်ကြသေးတယ်ဖိုးချိမုနဲ့ အဇင်းရွာမှာ အဲ့နှစ်ရွာက သိပ်မဝေးဘူး လေးအဲ့နှစ်ရွာကနီးနီးအဇင်းရွာကိုတော့ ရွာသားကလွဲရင် အပြင်လူပေးမဝင်ဘူး လုံးဝသွားခွင့်မပေးတာက အဇင်းရွာကနေပိုင်ခလိုင်ရွာအထိကို ပေးမသွားတာက KNUတွေ PDFတွေလည်းရှိတယ် လမ်းပိတ်ထားတာအခုနဲ့ဆို ၁ပတ်ကျော်ပြီး “လို့ သူကပြောပါတယ်။
အခုလို အဇင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကျေးရွာ ဒေသခံ(၃၀၀) ဝန်းကျင်လောက်ဟာ ကျေးရွာအတွင်းမနေထိုင်ရဲကြတော့ပဲ ကျိုက်ဒုံမြို့ဘက်နဲ့ ပိုင်ခလိုင်ရွာဘက်ကို သွားရောက်ရှောင်တိမ်းကြတယ်လို့ သူကဆက်ပြောတယ်။
“ရွာမှာရှောင်တဲ့သူတွေကတော့ရှိတာပေါ့ အဇင်းရွာကလူတွေတော်တော်များများရှောင်ကြတယ် ဖိုးမုချိရွာမှာက စကစစခန်းကရှိတာကို ရှိတာကတော့ကြာပြီပေါ့ ရွာကခန့်မှန်းလူဦးရေး(၅၀၀) လောက်ရှိတယ်ရွာက သုံးပုံ (၂)ပုံလောက်ကတော့ ပိုင်ခလိုင်တို့ ကျိုက်ဒုံဘက်ကို ရှောင်ကြတာပေါ့ “သူကပြောပါတယ် ။
ကျိုုက်ဒုံမြို့အနီးက ကျေးရွာတွေဘက်မှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိသလို စစ်ကောင် စီတပ်ဘက်မှာလည်း ကျိုက်ဒုံမြို့အနီး လေယာဉ်လာရောက်ဝဲပျံတာမျိုးတွေမကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံတွေမှာစိုးရိမ်စိတ်နဲ့သာသွားလာနေထိုင်နေရတယ်လို့ ကျိုက်ဒုံမြို့က ဒေသခံအမျိုးသမီးတစ်ကပြောပါတယ်။
“ကျိုက်ဒုံကြာအင်းဆိပ်ကြီးလမ်းကားလမ်းတွေကတော့ မပိတ်ဘူး အဇင်းပိုင်ခလိုင်လမ်းကတော့ သွားရဲတဲ့သူသွားပေါ့ သွားလာကတော့ တော်တော်ကြဲသွားတယ် တိုက်ပွဲတွေဖြစ်တယ်ဆိုရင် ဒီကနေအသံတွေကြားနေရတာပေါ့ ဟို့တစ်နေ့ကဆို အဇင်းဘက်လေယာဉ်ပါ တက်သွာားသေးတယ် ကျိုက်ဒုံလည်းဘယ်လိုလာမလည်းမသိသေးဘူး ကြောက်ကြောက်နဲ့ နေနေနရတာပဲ တိုက်ပွဲတွေကတော့ ဟိုနားဒီနားအမြဲလိုလိုဖြစ်နေတာပဲ”လို့ သူကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄) ရက်နေ့နဲ့ (၂၅) ရက်နေ့တုန်းကလည်း တနင်္သာရီအခြေစိုက် စကခ (၁၃) ၊ခမရ (၃၅၈)တပ်ရင်းနဲ့ ခမရ (၅၅၈) တပ်ရင်းတို့စစ်ကြောင်းထိုးလာတာကြောင့် ထီးဝါးကလူးရွာအနီး စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးဝင်းရဲထွန်းအပါအဝင်(၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ SOGအဖွဲ့ကထုတ်ပြန်ထားပါသေးတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာသြဂုတ်လ၊စက်တင်ဘာလနဲ့ အောက်တိုဘာလအထိကို ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှအပ ကျန်မြို့နယ်(၅)ခုမှာစစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ စစ်ကောင်စီစစ်ကြောင်းယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာတွေ နေ့တိုင်းနီးပါဆက်ရှိနေတာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)