သတင်း

၃လနီးပါးကြာတဲ့အထိ မီးပျက်နေဆဲဖြစ်တာမို့ ရေမီတာတွေ အရင်ကထက် ဈေးနှုန်းမြင့်တက်

မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့တာ ၃ လနီးပါးကြာတဲ့အထိ မီးပျက်နေဆဲဖြစ်တာမို့  ရေမီတာတွေ အရင်ကထက် ဈေးနှုန်းမြင့်တက်လာတယ်လို့…

သတင်း

MOD က တပ်ဆင်ပေးတဲ့ အချိုးကျ လက်နက်မရရှိတဲ့အတွက် တိုက်ခိုက်ရေးတွေ ရပ်နားမယ်လို့ဆို

မတ်လ (၉) ရက်၊ ၂၀၂၃ ခုနှစ် Pale Jokers PDF တပ်ရင်းအနေနဲ့ လက်နက်အင်အားနည်းပါးခြင်း၊ ဘဏ္ဍာငွေကြေးအခက်အခဲ‌တွေ ကြောင့် တိုက်ခိုက်ရေးလုပ်ငန်းတွေ ရပ်နားမယ်လို့ ၄င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မတ်လ (၆) ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။…

သတင်း

မြဝတီမြို့မှာ passport ရုံးတွေပြန်ဖွင့်နေသော်လည်း ပွဲစားတွေက passport စာအုပ် မထုတ်ပေးသေး

မတ်လ (၉) ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ passport ရုံးတွေကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီးဖြစ်သော်လည်း ပွဲစားတွေက ငွေကြေးအဆမတန် တောင်းခံတာတွေကို ပြုလုပ်နေပြီး MOU…

သတင်း

ပခုက္ကူက ကျွန်းအိုရွာမှာ စစ်ကောင်စီတပ်ကို ဆပ်ကြေးကောက်ပေးနေတဲ့ ပျူစောထီး (၁)ဦး ပစ်သတ်ခံရ

မတ်လ (၉) ရက်၊ ၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မန်ကျည်းပင်အုပ်စု၊ ကျွန်းအိုရွာက စစ်ကောင်စီတပ်ကို ဆပ်ကြေးကောက်ပေးနေတဲ့ ပျူစောထီး (၁) ဦး ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။ ထိုပျူစောထီးကို မတ်လ ၇ ရက်နေ့ ည…

သတင်း

ABSDF ရဲ့ အမှတ် (၁၂) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

မတ်လ (၈) ရက်၊ ၂၀၂၃ ခုနှစ် ယောဒေသမှာ မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သင်တန်း တပ်ရင်း (၁၂) (၁/၂၃) အပတ်စဉ် (၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။…

သတင်း

ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၁)က ၇ ရက်တာလည်ပတ်ခွင့်လက်မှတ်နဲ့ ကမ်းကူးလာသူ တွေဆီက လူဝင်မှုကြီးကြပ်ရေးမှ မှတ်ပုံတင်တွေကို သိမ်းယူထား

မတ်လ (၈) ရက်၊ ၂၀၂၃ ခုနှစ် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားကနေ ထိုင်းဘက်ခြမ်းကို ၇ ရက်တာ ကမ်းကူးခွင့်လက်မှတ်နဲ့ လာရောက်လည်ပတ်တဲ့လူတွေဆီက မှတ်ပုံတင်တွေကို လူဝင်မှုကြီးကြပ်ရေးက သိမ်းယူထားတယ်လို့ ထိုင်းဘက်ခြမ်းကို လာရောက်လည်ပတ်သူတွေဆီကနေ သိရပါတယ်။…

သတင်း

စစ်ကိုင်းမြို့ အာလောင်ကျေးရွာက ဘုန်းကြီးကျောင်းကိုရေလာလှူတဲ့ကား နောက်ပြန်လိမ့်ကျပြီး အမျိုးသား (၁) ဦးသေဆုံး

မတ်လ (၈) ရက်၊ ၂၀၂၃ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်း၊ အာလောင်ကျေးရွာအဝင်၊ အာလောင် ၈ မျက်နှာဘုရားအတက်လမ်းမှာ ဘုန်းကြီးကျောင်းကို ရေလာလှူတဲ့ကား နောက်ပြန်  လိမ့်ကျပြီး အမျိုးသား (၁) ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။…

သတင်း

ခင်ဦးမြို့နယ် ကလုံကျေးရွာကို ပျူစောထီးတွေ မီးရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မတ်လ (၇) ရက်၊ ၂၀၂၃ ခုနှစ် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း ကလုံကျေးရွာကို ပျူစောထီးပူးပေါင်းစစ်ကြောင်း က ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက် အစောပိုင်းမှာ ကျေးရွာမှ ပြည်သူပိုင် နေအိမ်တွေကို…

သတင်း

ပေါက်မြို့နယ်၊ ကင်းမရွာကို စစ်ကောင်စီတပ်က လေးကြိမ်မြောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၄ လုံးပျက်စီးခဲ့တဲ့အပြင် ကမ်းပါးဖြူရွာက နေအိမ် ၁၁လုံးလည်း မီးရှို့ခံရ

မတ်လ (၇) ရက်၊ ၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ၄ ကြိမ်မြောက် မီးရှို့ခဲ့တာကြောင့် ကျေးရွာကနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ပေါက်မြို့နယ်မြောက်ပိုင်း ကမ်းပါးဖြူကျေးရွာက နေအိမ်တွေကိုလည်း…

သတင်း

ဇွဲကပင်တောင်မှာ တပေါင်းလပြည့်နေ့ပွဲကျင်းပတဲ့အပေါ် ဘားအံဒေသခံတွေဆီမှာ ဝေဖန်သံတွေ ထွက်ပေါ်လာ

မတ်လ ၇ ရက် ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ဇွဲကပင်တောင်တက်ပွဲနဲ့ ဘုရားပွဲကျင်းပတဲ့အပေါ် ဘားအံမြို့ဒေသခံတွေဆီက ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။ ဇွဲကပင်တောင်တက်ပွဲကို တပေါင်းလပြည့်နေ့မှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလေ့ရှိသော်လည်း…