ထိုင်းနိုင်ငံမှာ တနင်္သာရီမြို့နယ်က အဘွားတစ်ဦး ရထားတိုက်သေဆုံး

 ထိုင်းနိုင်ငံမှာ တနင်္သာရီမြို့နယ်က အဘွားတစ်ဦး ရထားတိုက်သေဆုံး

By−နော်အယ်နီး

Date- September 13, 2025

ထိုင်းနိုင်ငံ၊ ချွန်ဖော်ခရိုင်၊ မားအမလိရွာမှာ တနင်္သာရီမြို့နယ်က အဘွားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ 

သေဆုံးသွားတဲ့အဘွားကတော့ အသက် ၇၀အရွယ်ရှိ တနင်္သာရီမြို့နယ်၊ တကူရွာက ဒေါ်ဝင်းဆိုသူ ပါတယ်။ 

စက်တင်ဘာလ ၁၁ရက်နေ့၊ မနက်ပိုင်းလောက်ကတည်းက အိမ်ကနေ ပျောက်သွားတာဖြစ်ပြီး ညနေပိုင်းမှာတော့ ရထားလမ်းနဘေးမှာ ရထားတိုက်သေဆုံးနေတာကို ထိုင်းနာရေးကူညီမှုအသင်းဆီကနေ မိသားစုဝင်တွေဆီကို ဆက်သွယ်လာခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ 

“ ဆီတောထဲလမ်းလျှောက်နေတုန်းပျောက်သွားတာပါ။ ပျောက်ပျောက်ချင်း လိုက်ရှာတယ်။ မတွေ့တော့ လိုင်းပေါ်တင်လိုက်တာ။ ညနေရောက်တော့ ထိုင်းနာရေးအသင်းက ဖုန်းဆက်လာတယ်” လို့သူက အခုလိုပြောပါတယ်။ 

အဘွားရဲ့ ဈာပန်ကို မားအမလိရွာမှာ ထားရှိထားပြီး စက်တင်ဘာလ ၁၆ရက်နေ့မှာ သင်္ဂြိုလ်မှာ ဖြစ်တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။ 

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လက ထိုင်းနိုင်ငံမှာရှိတဲ့ သားသမီးတွေဆီမှာ ပြောင်းရွှေ့နေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ပုံ− သေဆုံးသွားတဲ့ ဒေါ်ဝင်း

Leave a Reply

Your email address will not be published. Required fields are marked *