ဖူးခက်မြေပြိုမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦးသေဆုံး


_

By – People’s Radio Myanmar
Date – 26 August 2024

အပန်းဖြေစခန်းတစ်ခုဖြစ်သော ထိုင်းနိုင် ငံ၏ နာမည်ကျော်ဖူးခက်ကျွန်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရုရှားစုံတွဲတစ်တွဲအပါ အဝင် စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ယမန်နေ့တနင်္ဂနွေနေ့တွင်ပြောကြားခဲ့ပြီး ရှာဖွေ ရေးလုပ်ငန်းများရပ်ဆိုင်းလိုက်ပြီဖြစ်သည်ဟုသိရသည်။

ပြီးခဲ့သည့်သတင်းပတ်အတွင်း မိုးသည်းစွာရွာသွန်းမှုကြောင့် ကမ္ဘာ့ခရီးသွားအ များအပြား လာရောက်လည်ပတ်လေ့ရှိကြသော ထိုင်းနိုင်ငံတောင်ပိုင်းရှိ အထင် ကရဗုဒ္ဓဆင်းတုတော်အနီး မြေပြိုခဲ့ခြင်းဖြစ်သည်ဟု ဖူး ခက်အုပ်ချုပ်ရေးမှူး ဆိုဖွန် ဆူဝမ်တရတ် ကပြောသည်။

သေဆုံးသူများထဲတွင် ရုရှားနိုင်ငံသားများအပြင် မြန်မာရွှေ့ပြောင်းအလုပ် သ မား ၉ ဦးနှင့် ထိုင်းလူမျိုး ၂ ဦးပါဝင်သည်ဟု ဆိုဖွန် ကပြောသည်။

ယင်းအပြင် မြေပြိုမှုကြောင့် လူ ၂၀ ဦးဝန်းကျင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အိမ်ထောင်စု ၂၀၉ စု ထိခိုက်နစ်နာခဲ့ရသည်ဟု သိရသည်။

လက်ရှိအချိန်မှာတော့ အကြီးစားရှင်း လင်းမှုများ လုပ်ဆောင်နေပြီဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုခဲ့ကြသလို သေဆုံးသူများ၏ဆွေမျိုးသား
ချင်းများအပြင် သက်ဆိုင်ရာသံရုံးများနှင့်လည်း ဆက်သွယ်ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းကပြောသည်။

Ref: Nikkei Asia

ဓာတ်ပုံ – Phuket Info Centre

ပုံစာ – လူ ၁၃ ဦးသေဆုံးခဲ့သော ဖူးခက်မြေပြိုမှုမြင်ကွင်း။