ကော့ကရိတ်မြို့ဝင် ၊ ထွက် တွေမှာ စစ်ကောင်စီတပ်သား‌ေတွက စစ်ဆေးမှုပိုမိုပြုလုပ်လာ

ဇွန်လ ၁၃ရက် ၂၀၂၄

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ဝင် ၊ ထွက်တွေမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးမှုပိုပိုတင်းကြပ်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကော့ကရိတ်မြို့တွင်း ပြန်လည်နေထိုင်လို့ရပြီလို့ကြေငြာပြီးနောက် စစ်တပ်ကအစစ်ဆေးတင်းကြပ်လာတာကြောင့် ကော့နွဲ့ ၊ ရေလည်ကုန်း၊ရန်ကုတ် နဲ့ လှိုင်ဝကကုန်စိမ်းရောင်းချသူတွေမှာအခက်ခဲကြုံတွေ့နေရပြီး မြို့တွင်းရှိပြည်သူတွေမှာလည် ဈေးကြီးပေးပြီးဝယ်ယူနေရတယ်လို့ မြို့တွင်းပြန်လည်နေထိုင်သူအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ ကော့ကရိတ်နဲ့ ရွာချင်းဆက်လမ်းတွေကတော့ တော်တော်ပျက်စီးသွားတယ်စကစ ကပိတ်ထားတော့ရွာကလူတွေကလည်းလာလို့မရဘူး အသီးအနှံလာရောင်းရင် ဂိတ်တွေမှာအစစ်ဆေးခံပြီးမှပေးဝင်တယ်သူတို့မြို့ကို ထိန်းချုပ်လိုက်တဲ့ အချိန်ကစပြီးအခုထိပဲ မြို့ထဲမှာလူဦးရေနည်းတော့သိပ်ပြီးအခက်အခဲအများကြီးမရှိပေမဲ့ ဈေးကြီးပေးပြီးတော့ဝယ်စားရတာပေါ့”လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်ကအခုလိုလမ်းတွေပိတ်ပြီးအစစ်ဆေးတင်းကြပ်နေတာဟာစစ်ရှောင်ပြည်သူအနည်းငယ်သာမြို့ထဲပြန်လည်နေထိုင်လို့ဖြစ်တယ်လို့လဲဆိုပါတယ်။

ဒါ့အပြင် အခြေခံစားသောက်ကုန်တချို့နဲ့အိမ်သုံးပစ္စည်းတချို့မှာလဲ ၃ဆလောက်ဈေးမြင့်တက်သွားတာဖြစ်တယ်လို့ နောက်ထပ်မြို့ခံအမျိုး သမီးတစ်ဦးဆိုပါတယ်။

“အရင်ကမီးခြစ်တို့ထယောင်းတိုင်တို့က ရာဂဏန်းပဲရှိတယ် ခြင်ဆေးတစ်ဖာကို ၇၀၀ ပတ်ချာလည်ပဲရှိတာ ကြက်ဥဆိုလည်းအဲ့ဒီလိုပဲ အခုကြက်ဥ၃လုံးကို ၁၂၀၀၊ခြင်ဆေးတစ်ဖာ၂၅၀၀ ၊ ဖယောင်းတိုင်တစ်ဖာ၂၀၀၀၊မီးခြစ်တစ်လုံးကို ၂၀၀၀ အပြတ်သတ်ကြီးကွာတယ် အခုကကော့ကရိတ်မှာကတာအားစစ်တာကို”လို့ဆိုပါတယ်။

အခုလက်ရှိအချိန်ကော့ကရိတ်မြို့တွင်းပြန်လည်နေထိုင်ကြသူတွေမှာ ရပ်ကွက်နေ လက်လုပ်လက်စားပျံကျရပ်ကွက်သူရပ်ကွက်သားတွေနဲ့ စစ်တပ်လက်အောက်ခံဝန်းထမ်းတွေသာဖြစ်ပြီး စစ်တပ်လက်အောက်ခံဝန်ထမ်းတွေသာပုံမှန်ဝင်ငွေရှိတာကြောင့် အဆင်ပြေပြေနေထိုင်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့တိုက်ပွဲကြောင့် နေအိမ်၆ရာကျော်မီးလောင်ပျက်စီးတာ၊အရပ်သားပြည်သူ ၃၀ခန့်သေဆုံးတာ၊၅၀ ဝန်းကျင်ထိခိုက်ဒဏ်ရာရတာ‌ေတွအပြင်  လက်ရှိပြန်လည်နေထိုင်သူတွေထဲကလည်း မြေမြှုပ်မိုင်းပေါက်ကွဲတာတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဆက်ရှိနေပြီး စစ်တပ်ရဲ့ ခလရ ၉၇ တပ်ရင်းကလည်းနေ့တိုင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ-ကော့ကရိတ်

Phar Si Than(People’s Radio Myanmar)