ကြာတကန်ရွာမှာ စစ်ကောင်စီတပ်က မီးရှိမှုကြောင့်နေအိမ်၂၇ လုံးပျက်စီးခဲ့ပြီး အနီးရှိရွာမှဒေသခံ၂၀၀၀ ကျော်တိမိးရှောင်နေရ

ဖေဖော်ဝါရီလာ (၁၃) ရက်၊ ၂၀၂၃ ခုနှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်လှမြို့နယ်၊ ကြာတကန်ရွာကို စစ်ကောင်စီတပ်ရဲ့မီးရှိမှုကြောင့်နေအိမ် ၂၇ လုံးပျက်စီးခဲ့ပြီး အနီးအနားရှိရွာမှဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ရတယ်လိုသိရပါတယ်။

ဖေဖော်ဝါရီလ ၁၁နေ့ နေ့လည်၁နာရီခွဲအချိန်မှာစစ်ကောင်စီတပ်လက်အောက်ခံ ခြေမြန်တပ်ရင်း (၃၆၈)နဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၂၀ ဝန်းကျင်က ကြာတကန်ရွာကိုမီးရှိဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၇ လုံးမီး လောင်ခဲ့တဲ့အပြင် ရွာအနီးရှိ စစ်ရှောင်တဲ ၃ လုံးနဲ့ စပါးတင်းပေါင်း တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အခုစစ်ကြောင်းထိုးတာတော့ ဖမ်းခံထိတာ သတ်ဖြတ်ခံထိတာတွေမကြားမိဘူး။ ကြာတကန်ရွာကိုမီးရှိပြီးတောအင်ကြင်းစုရွာဘက်ကိုသွားတယ်လို့”သူကဆိုပါတယ်။

စစ်ကောင်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကတည်းက စစ်ကောင်စီတပ်တွေက ကျွန်းလှမြို့နယ် နဲ့ ကန့်ဘလူမြို့အနီးရှိကျေးကိုစစ်ကြောင်းထိုးပြီး ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှိဖျက်ဆီးခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေလဲရှိခဲ့ပါတယ်။