ချောင်းနှစ်ခွရွာမှာတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်မှရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်

နိုဝင်ဘာလ ၁၀ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာအတွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်ဘက် ချောင်းနှစ်ခွကျေးရွာဘက်ကို Mi (35)ရဟတ်တွေနဲ့ပါလာရောကပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

နိုဝင်ဘာလ၁၀ရက်နေ့မနက်၄နာရီဝန်းကျင်အချိန်ကနေစပြီး ၉နာရီဝန်းကျင်လောက်ထိကို ချောင်းနှစ်ခွကျေးရွာအတွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက် ပွဲဖြစ်ပွားခဲ့သလို့ Mi(35)ရဟတတ်ယာဉ်တွေနဲ့ပါလာရောက်ပစ်ခတ်နေပြီးတိုက်ပွဲမဖြစ်ပွားခင် နိုဝင်ဘာလ(၉)ရက်နေ့ ညကတည်းကလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“လေယာဉ်နဲ့လာပစ်သွားတယ်လာပစ်တာတော့တစ်စီးပဲအခုအချက်ပေါင်းကရေလို့တောင်မထိဘူးတော်တော်များလို့ အလုံးကြီးကတော့တစ်ညလုံးပစ်ထုတ်နေတာကြာကြာမှ တစ်ချက်ပေါ့ လက်နက်ကြီးတွေကတော့ ဘယ်ကနေပစ်တာလည်တော့ မသိဘူးတိုက်ပွဲဖြစ်နေတာတော့ ဟုတ်တယ်”လို့ သူကပြောပါတယ်။

အခုလိုနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွာနေတာကြောင့်သံဖြူဇရပ်အခြေစိုက် ခလရ−(၆၂)တပ် ရင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလို ဒေသခံတွေမှာလည်းကျင်းပုန်းထဲမှာသာ နေထိုင်နေကြပြီး ဒေသခံပြည်သူနေအိမ်တွေထိခိုက်တာတွေလည်းရှိတယ်လို့ ဒေသခံတွေ နဲ့နီးစပ်သူအမျိုးသားတစ်ဦးကပြောပါတယ်။

“ချောင်းနှစ်ခွမှာမနက်ကတည်းကတိုက်ပွဲတွေဖြစ်နေတာ တိုက်ပွဲတွေကတော့ခုတော့ငြိမ်သွားပြီ (၆၂)ကတော့ ကားပေါ်တင်တဲ့လက်နက်ကြီးအမျိုးအစားနဲ့ချောင်းနှစ်ခွကို လှမ်းထုတာ လက်နက်ကြီးတစ်လုံးကျတာကျောက်ကွဲရွာကနေအိမ်တစ်လုံးထိတယ်ရွာကလူတွေကတော့ ထွက်လို့ရှောင်လို့မရသေးဘူး”သူကပြောပါတယ်။

ချောင်းနှစ်ခွကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KNLAပူး ပေါင်းဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မုဒုံချောင်းနှစ်ခွလမ်းတွေကို ကား၊ဆိုင်ကယ်အသုံးပြုသွားလားတာမျိုးတွေ မရှိဘူးတော့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလနဲ့ အောက်တိုဘာလနှစ်လအတွင်းမှာလည်း ချောင်းနှစ်ခွတံတား မှာဂိတ်ချထားတဲ့စစ်ကောင်စီတပ်စစ်ရေးဂိတ်ကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့(၂)ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင်သံပုရာကျေးရွာမှာလည်းနှစ်ဖက်တိုက်ပွဲ တွေဖြစ်ပွားခဲ့တာကြောင့်စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ အဒေသတွင်းသတင်းအရင်းအမြစ်တွေရဲ့ပြောြပချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)