မင်းလှမြို့နယ်က စစ်ကောင်စီတပ်သားစုစောင်းရေး တာဝန်ခံဗိုလ်ကြီးမျိုးဆန်းဝင်း ပစ်ခတ်ရှင်းလင်းခံရ

အောက်တိုဘာလ ၃၀ရက် ၊ ၂၀၂၃ခုနှစ်

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က စစ်ကောင်စီတပ်သားစုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီးမျိုး ဆန်းဝင်းကို ဇရစ်ချောင်းရွာနဲ့ချောင်းနားကျေးရွာကြားမှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ (၂) ၊ သာယာဝတီဂဠုန်တပ်ဖွဲ့နဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၂၉) ရက်နေ့ မနက် ၄နာရီ ၄၅မိနစ် ဝန်းကျင်အချိန်မှာ မင်းလှမြို့နယ် အမှတ်(၇)ရပ်ကွက် ပြည်တော်သာ (၂)လမ်းမှာနေထိုင်တဲ့ စစ်ကောင်စီတပ်သား စုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်းကို ဇရစ်ချောင်းရွာနဲ့ ချောင်းနားကျေးရွာကြားမှာ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေထဘက်မှ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ရဲ့ မြို့ပြစစ်ရေးတာဝန်ခံ တံခွန်ကပြောပါတယ်။

“ ဗိုလ်ကြီး မျိုးဆန်းဝင်းကို ဇရစ်ချောင်းနဲ့ ချောင်းနားကြားမှာ သေနတ်ကျည်၅ ချက် နှဖူးတစ်ချက် ၊ ရင်ဘက် ရှေ့နောက် ၄ချက်ပစ်လိုက်တာပါ၊ ပြည်သူတွေကို အရမ်းဒုက္ခပေးတဲ့ကောင် သူကဖမ်းဆီးငွေတောင်းတယ်နဲ့ ပစ်ခဲ့တာပပျူအဖွဲ့တွေ ဖွဲ့ဖို့စည်းရုံးတယ်ပြည်သူတွေကို ဒါ့ကြောင့် ရှင်းလိုက်တာ သွားတဲ့လမ်းမှာပဲ သေနတ်နဲ့ ပစ်လိုက်တာပါ ” လို့ သူကပြောပါတယ်။

မင်းလှမြို့တာဆုံမှာလည်းစစ်ဆေးတာတွေပိုမိုတင်းကြပ်နေသလိုပစ်သတ်ခံရတဲ့ ဗိုလ်ကြီးမျိုးမင်းဆန်းမှာ ဒေသခံပြည်သူတွေ ဆန္ဒပြချိန်တုန်းကလည်း ဆန္ဒပြသူတွေနာမည်ကို စားရင်းပြုစုတာတွေလုပ်ဆောင်ခဲ့ သလို မြို့ထဲအဝင်မှာနားမှာသတ်ခံထိတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“အစစ်ဆေးတွေကတော့ရှိတယ် မြို့ထဲမှာ မင်းလှတာဆုံမှာစစ်တာရန်ကုန် – ပြည်လမ်းမီးပွိုင့် မြို့ထဲအဝင်မြို့မရဲစခန်းရှေ့မှာဆို လမ်းပိတ်ထားတယ် (၄) လလောက်ရှိပြီ သတ်ခံရတဲ့လူက မြို့ပေါ်ကလူတွေကို ဖမ်းဖို့ဖမ်းဖို့သူကဦးဆောင်တာ ပြည်သူတွေဆန္ဒပြချိန်က သူကစာရင်းပြုစုပြီးဖမ်းတာ” လို့ သူကပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခဲ့ရတဲ့ဗိုလ်ကြီး မျိုးဆန်းဝင်းဟာ စစ်တပ်ကောင်စီအတွက် လူသစ် စုဆောင်းပေးတာ၊ မင်းလှမြို့နယ်အတွင်း ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းဖို့ကို လိုက်လံစည်းရုံးတာနဲ့ ပြည်သူများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြိမ်းခြောက်တာတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ရဲ့ မြို့ပြစစ်ရေးတာဝန်ခံ တံခွန်ကဆိုပါတယ်။

ဒါ့အပြင်အောက်တိုဘာလ၂၂ရက်နေ့တုန်းကလည်းမင်းလှမြို့နယ်အပိုင် ဧကနှစ်ရာကျွန်းစိုက်ခင်းအနီး စစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ ခဲ့ပါသေးတယ်။

အခုအောက်တိုဘာလတစ်လအတွင်းစပဲခူးတိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကြောင်းတွေမှာ မကြာခဏ ကြားဖြတ်တိုက်ခံနေရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံ​နေရတာအပြင်စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေနဲ့ သတင်းပေးသူတွေမှာလည်း မကြာခဏရှင်းလင်းခံနေရတာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးထပ်မနည်းထိခိုက်သေဆုံးနေတာဖြစ်တယ်လို့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊တပ်ခွဲ (၂)

Phar Si Than (People’s Radio Myanmar)