မြို့နယ်ငါးလုပ်ငန်းဦးစိီးမှူး ရေးမြို့လယ်ခေါင်မှာ ပစ်ခတ်ရှင်းလင်းခံရ

အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ရေးမြို့နယ်ကမတရားငွေကြေးတောင်းနေတဲ့စစ်ကောင်စီတပ်လက်အောက်ခံမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ရေးမြို့လယ်ခေါင်မှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ရေးဘီလူးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့မနက် ၇နာရီဝန်းကျင်အချိန်မှာ ရေးမြို့လယ်ခေါင် မြို့လယ်ကမ်းနားဈေးက ဖူးကော်ဖီဆိုင်မှာထိုင်နေတဲ့မတရားငွေကြေးတောင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ် ငါးလုပ်ငန်းဦးစိီးဌာနက မြို့နယ်ဦးစီးမှူဇော်နိုင်လင်းကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“ရေးမြို့နယ်အနီးရေပိုင်နက်အကုန်လုံးကိုလုံးဝလုပ်ပိုင်ခွင့်အပြည့်သြဇာလွှမ်းမိုးမှုရှိတဲ့ဦးစိီးမှူးလက်ရှိအခွန်တောင်းတာများတယ်တစ်ချို့လှေငယ်တွေမှာလည်း အာဏာလွှမ်းမိုးမှုတအားပြုလုပ်ပါတယ်ပစ်တာကတော့ ဦးခေါင်း၁ချက် ကျော၄ချက်”လို့ သူကပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာလည်း ရေးမြို့အတွင်းလိုက်လံရှာဖွေနေသလို CDM မပြုလုပ်တဲ့ ဝန်ထမ်းမှန်ရင်လည်း တွေ့တဲ့နေရာမှာရှင်းလင်းသွားမယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်လက်အောက်ခံငါးလုပ်ငန်းဦးစိီးဌာနက မြို့နယ်ဦးစီးမှူးဇော်နိုင်လင်း ပစ်ခတ်ခံရပြီး နောက်ပိုင်း စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်နဲ့ မနက်၁၁နာရီ ဝန်းကျင်လောက်ထိကို ကင်းလှည့်နေတယ်လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

” မြို့ထဲကင်းပတ်နေတယ်အများကြီးပဲမပြန်ကြသေးဘူးမနက်ထဲက ရှိနေတာကားကတော့တစ်စီးပဲ၁၅ ယောက်လောက်ရှိတယ် စစ်ကားနဲ့”လို့ သူကပြောပါတယ်။

ရေးမြို့ကစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေနဲ့ ပျူစောထီးတွေပစ်ခတ်ရှင်း​လင်းခံရပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်း နေအိမ်တွေကိုဝင်ရောက်စစ်ဆေးတာ ၊ မြို့တွင်းအဝင်အထွက်တွေမှာ စစ်ဆေးတာတွေပြုလုပ်လေ့ရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၀ ရက်နေ့ တုန်းကလည်း ရေးမြို့နယ်အတွင်းလမ်းပိုင်းစစ်ဆေးတာ

တွေအပြင် စစ်ကောင်စီတပ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပေးနေတဲ့ ပျူစောထီးခေါင်းဆောင်မောင်လတ်ကိုရေးဘီလူးအဖွဲ့ကရှင်းလင်းခဲ့တဲ့အပြင်ရေးမြို့နယ်အတွင်း စက်တင်ဘာလနဲ့ အောက်တိုဘာလထိကို ရေးဘီလူးအဖွဲ့ကပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်း၁၀ ဦးထပ်မနည်းသေဆုံးနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာလမှ စတင်ကာရေးမြို့နယ်အတွင်း မနက်၇နာရီဝန်းကျင်လောက်မှာ တစ်ကြိမ်  ညနေ ၅ နာရီ မှာတစ်ကြိမ် အင်အား ၃၀ ဝန်းကျင်လောက်နဲ့ ရေးမြို့နယ်အတွင်း နေ့ရောညပါ ကင်းလှည့်တာတွေပြုလုပ်နေသလို နေ့တိုင်းနီ့ပါးလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရေးမြို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-cj

Phar Si Than (People’s Radio Myanmar)