ကြာအင်းဆိပ်ကြီး ဒေသထဲက စစ်ကောင်စီဌာနဆိုင်ရာနေရာတွေကို KNLA ပူးပေါင်စစ်ကြောင်းတွေ တိုက်ခိုက်ခဲ့

ကြာအင်းဆိပ်ကြီး ဒေသထဲက စစ်ကောင်စီဌာနဆိုင်ရာနေရာတွေကို KNLA ပူးပေါင်စစ်ကြောင်းတွေ တိုက်ခိုက်ခဲ့

 

ဇူလိုင် ၁၀ရက်၊ ၂၀၂၃ခုနှစ်

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်ထဲက တံခွန်တိုင်ရဲစခန်း၊ လျှပ်စစ်ဓာတ်အားခွဲရုံနဲ့ မွန်ပြည်နယ် ၊ သံဖြူဇရပ်မြိုနယ်က တောင်ကလေးရဲစခန်း ဒရုန်းအပြင် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို Cloud Wings ဒရုန်းမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ဇူလိုင်လ ၆ ရက်နေ့မှာ တောင်ကလေးရဲစခန်းနဲ့ တံခွန်တိုင်ရဲစခန်းကို ၆၀ မမ၊ ၈၁ မမနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် တောင်ကလေးရဲစခန်းက ရဲ ၂ ဦးသေဆုံးကာ ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဇွန်လ ၇ ရက်နေ့မှာလည်း တံခွန်တိုင်ရဲစခန်းနဲ့ စစ်ကောင်စီတပ်လက်အောက်ခံလျှပ်စစ်ဓာတ်အားခွဲရုံကို ရှေ့ထွက်မိုင်းတွေ ၆၀မမ၊ ၈၁ မမဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းက စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ၅ ဥိီးဒဏ်ရာရရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားခွဲရုံက ခန့်မှန်းခြေ ကျပ်သိန်း ၂၀၀၀ ခန့်ပျက်စီးခဲ့တယ်လို Cloud Wings တာဝန်ခံကိုငြိမ်းကပြောပါတယ်။

 

“ကြာအင်းဆိပ်ကြီးကတပ် ရဲ စခန်းတော်တော်များများဂျန်ဘာတပ်ဆင်ထားပါတယ်၊ကျနော်တို ဒရုန်းက ဂျန်ဘာကျော်ပါတယ်၊၆ ရက်နေ့က တောင်ကလေးရဲစခန်းမှာ ၃ လုံး ၊ တံခွန်တိုင်ရဲစခန်းမှာ ၃ လုံး၊ ၇ ရက်နေ့မှာတော့ တံခွန်တိုင်ရဲစခန်းကို ၆၀ မမ ၂လုံး နောက်ထပ် ရဲစခန်းဝင်းကို ၆၀ မမ၂ လုံး၊ဆိပ်ကြီးဓါတ်အားခွဲရုံ မြေပြင်ရော ဝေဟင်ပါ တိုက်ပွဲမရှိခဲ့ပါဘူး၊အခု ရဲစခန်းပဲဖြစ်ဖြစ် တပ်ပဲဖြစ်ဖြစ်နေ့ရော ညပါ သူတိုဘက်က counter တုံပြန်ပါတယ်”လိုသူကပြောပါတယ်။

 

ကြာအင်းဆိပ်ကြီးမြိုနယ်အတွင်းက စစ်ကောင်စီတပ်လက်အောက်ခံ လျှပ်စစ်ဓာတ်အားခွဲရုံ မိုင်းခွဲတိုက်ခိုက်ခံရပြီး ကြာအင်းဆိပ်ကြီး မြိုနယ်အတွင်း အရင်ကထပ်  လုံခြုံရေးပိုမိုတင်းကြပ်လာတဲ့အပြင် ညတိုင်းနီးပါးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လိုဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

 

“အခုအခြေနေကတော့ ကားတွေလှည့်နေတာပေါ့ ညနေ၆ နာရီဆိုရင် ရုတ်ရုတ်ရုတ်ဖြစ်ပြီးကားပိုများလာတယ်  ကား ၄ စီးတောင်မှ ပတ်ပတ်လည်လှည့်နေတယ် သူတိုအင်အားအကုန်ပဲလားမသိပါဘူး အင်အားက ၃၀ လောက်တော့ ရှိတယ်၊ ညကတော့ လက်နက်ကြီး မပစ်ဘူး ဟိုတနေ့ညကတော့ ချောင်းဝဘက် ၊ ရပ်ကွက် ၆ ဘက် ကိုလှမ်းပစ်တယ်၊ သူတိုကနည်းနည်းညဥ့်နက်မှ လက်နက်ကြီးထုတာ”လိုသူကပြောပါတယ်။

 

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းကစစ်ကောင်စီတပ်တွေ ၊ရဲစခန်းဝင်းတွေ ၊စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေ ၊ စစ်ကောင်စီတပ် သွားလာရာရိက္ခါပိုလမ်းကြောင်းတွေ မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်တာ ၊ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေ အခုလိုအများအပြားထိခိုက်ဒဏ်ရတာတွေအပြင်သေဆုံးမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၂၉ရက်နေ့ကနေ ၅ ရက်နေ့အတွင်းကြားအင်းဆိပ်ကြီးမြိုနယ်ထဲက စစ်ကောင်စီတပ်ရဲ့ စခန်း ၃ ခုနဲ့ ဂိတ်၁ ခုတိုက်ခိုက်ခံခဲ့ရတာကြောင့် အရာရှိဗိုလ်တစ်ဦး၊ တပ်သား ၁ ဦးသေဆုံးခဲ့တဲ့အပြင် စစ်ကောင်စီတပ်သား၅.ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို အထူးစစ်ဆင်တပ်ဖွဲ S.O.Fရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ဓာတ်ပုံ – Cj

Phar Si Than (People’s Radio Myanmar)