ထိုင်းနိုင်ငံ ပါလီမန် (လွှတ်တော်) ကို  ထိုင်းဘုရင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့

ထိုင်းနိုင်ငံ ပါလီမန် (လွှတ်တော်) ကို  ထိုင်းဘုရင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့

ဘန်ကောက်၊ ဇူလိုင် ၄

ဇူလိုင် ၃ ရက် ညနေ ၅ နာရီမှာ ကျင်းပခဲ့တဲ့ ထိုင်း ပါလီမန်လွှတ်တော်အစည်းအဝေးဖွင့်ပွဲကို  ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း ကိုယ်တိုင်  ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

ပါလီမန်ကျင်းပဖို့အတွက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ လက်မှတ် ရေးထိုးထားတဲ့ တော်ဝင်အမိန့်ကို မေလ ၁၄ ရက်နေ့မှာ  ထုတ်ပြန်ကြေညာခဲ့ပြီးနောက်  အခုလို ဖွင့်လှစ်ခဲ့တာပါ။

ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာတော့ အောက်လွှတ်တော်အစည်းအဝေးကို ကျင်းပခဲ့ပြီး ပရာချာချက်ပါတီက  ဝါရင့်နိုင်ငံရေးသမား ဝမ်မိုဟာမက် နူးရ်မာသကို  အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် အတည်ပြုခဲ့ကြပါတယ်။

အခုလို ပရာချာချက်ပါတီဝင်တစ်ဦးကို  အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် အတည်ပြုခဲ့တာဟာ  Move Forward ပါတီနဲ့  ဖြူထိုင်းပါတီ တို့အကြား အပေးအယူ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ဆိုကြပါတယ်။

မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့  ရွေးကောက်ပွဲမှာ  Move Forward က အမတ်နေရာ ၁၅၁ နေရာရရှိခဲ့ပြီး  ဖြူထိုင်းပါတီက ၁၄၁ နေရာ ရရှိခဲ့တာပါ။

လက်ရှိမှာတော့ Move Forward ပါတီခေါင်းဆောင် ပီတာအနေနဲ့ ဝန်ကြီးချုပ်ရာထူး ရယူနိုင်ဖို့အတွက် ထောက်ခံမဲ ၃၇၆ မဲ လိုအပ်နေပြီး  လက်ရှိမှာတော့  ဖြူထိုင်းပါတီနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ၃၁၂ မဲသာ ရရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်က ခန့်အပ်ထားတဲ့ ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ်တွေဆီက နောက်ထပ် မဲ ၆၄  မဲ ရရှိဖို့ လိုအပ်နေတာကြောင့် ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် ခန့်မှန်းနေကြဆဲ ဖြစ်ပါတယ်။

Refer- Reuter/ Thai PBSPhoto- Thai PBS