ရီးရဲမက်ဒရစ် ရဲ့ ကျောနံပါတ် 7 ပိုင်ရှင်သစ်

ရီးရဲမက်ဒရစ် ကနေ အီဒင်ဟာဇက် ထွက်ခွာသွားပြီးနောက် လစ်လပ်သွားတဲ့ နာမည်ကျော် ကျောနံပါတ် 7 ကို တောင်ပံကစားသမားလေး ဗီးနပ်ရှက် ဂျူနီယာ ကလာမဲ့ ရာသီမှာပြောင်းလဲ ဝတ်ဆင်သွားမယ်လို့ အသင်းကထုတ်ပြန်လိုက်ပါတယ်။ရီးရဲ ရဲ့ နာမည်ကျော် No.7 ကို ဂန္တဝင် ကစားသမားတွေဖြစ်တဲ့ ရာအူး၊ခရစ်စတီယာနို ရော်နယ်ဒို တို့လို ဒိတ်ဒိတ်ကြဲ ကစားသမားတွ ဝတ်ဆင်ခဲ့လို့ ဆက်ခံသူတွေကို ဖိအားများစေတဲ့ ကျောနံပါတ််််လို့ လည်းဆိုနိုင်ပါတယ်။ရိုနယ်ဒိုနောက်ပိုင်း ကျောနံပါတ် 7 ပိုင်ရှင်တွေဖြစ်တဲ့ မာရီရာနိုဒီယက် အပါအဝင် ချဲယ်ဆီး ကနေစံချိန်တန်ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့လာတဲ့ အီဒင်ဟာဇက် တို့ ဝတ်််ဆင် ခဲ့ကြပြီး အဆိုပါ ကစားသမား ၂ယောက် လုံး ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ယခုနှစ်ရာသီအကုန်မှာပဲ၂ယောက်လုံး ရီးရဲမက်ဒရစ်က နေ နူတ်ဆက် ထွက်ခွာခဲ့ပြီးလည်း​ဖြစ်ပါတယ်။