နခွန်ပဒွမ် (Nakhon Pathom) မြို့လယ်မှာ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိတယ်လို့ ယာယီရဲတပ်ဖွဲမှူး “Torsak”က ကြေညာချက်ထုတ်ပြန်


စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်

ယာယီရဲတပ်မှူး Torsak က သူ့ရဲ့ ပထမဆုံးအလုပ်မှာ မူးယစ်ဆေးဝါးကွန်ရက်ကို ဖမ်းဆီးထားတယ်လို့ ကြေညာခဲ့ပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား(အမှုန့်) ၁၅ သန်း၊ ဘိန်းဖြူ ၄၄၃ ချောင်း၊ crystal meth(ရေခဲ) ကီလိုဂရမ် ၄၂၀ ၊ Happy Water drug နဲ့ ဘတ်ငွေ သန်း ၃၀၀ ကျော်တန်ဖိုးအပါဝင် နေအိမ်မှာ ဝှက်ထားတဲ့ အခြားဆေးပြားငါးရာတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၁း၃၀ နာရီအချိန် ထိုင်းဘုရင့်ဒုတိယရဲတပ်ဖွဲ့အကြီးအကဲ ထိုင်းဘုရင့်ရဲမင်းကြီးက အဆိုပါဒေသကို သွားရောက်ပြီး နှစ်ထပ်တိုက်အိမ်တစ်လုံးကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးရာမှာ ရဲတပ်ဖွဲ့က စိတ်ကြွဆေး၊ ရေခဲ၊ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါး အမျိုးအစားသစ် အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

စိတ်ကြွဆေးပြား ၁၅ သန်းကျော်၊ ဘိန်းဖြူ ၄၄၃ ချောင်း၊ ရေခဲ ၄၂၀ ကီလိုဂရမ်၊ Happy Water မူးယစ်ဆေးဝါး ၃ အိတ်နဲ့ မူးယစ်ဆေးဝါး ငါးမျိုးတို့ ဖြစ်ပါတယ်။ ဒါ့အပြင် သံသယရှိသူလေးဦးကို ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါရောင်းဝယ်ဖောက်ကားတဲ့ ကွန်ရက်တွေ တိုးချဲ့မှုကိုလည်း ဆက်လက်ဖမ်းဆီးဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

၂ ထပ် နေအိမ်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ကွန်ရက်အတွက် မူးယစ်ဆေးဝါး သိုလှောင်ရာ နေရာဖြစ်တယ်လို့ သိရှိရပြီးနောက် နခွန်မဒူယာခရိုင် လှည့်ကင်းနဲ့ အထူးစစ်ဆင်ရေး ဌာနခွဲက ရဲတွေ Muang Nakhon Pathom ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးဖမ်းဆီးခဲ့တာပါ။

ယခင်က ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါး ကွန်ရက်တွေကို ခြေရာခံချဲ့ထွင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အဆောက်အအုံကို မူးယစ်အသေးစားကုန်သည်တွေရှိရာ အနီးပတ်ဝန်းကျင်နဲ့ ဘန်ကောက်မြို့ နှစ်ခုစလုံးကို မဖြန့်ဝေမီ မူးယစ်ဆေးဝါးသိုလှောင်ရာအဖြစ် အသုံးပြုထားတယ်လို့ သိရပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ ရဲမှူးချုပ် Samran Nuanma က စုံစမ်းစစ်ဆေးရေး လမ်းညွှန်ချက်တွေအရ လှုပ်ရှားမှုကို တွေ့ရှိပြီးကိုင်တွယ်ခဲ့တယ်လို့သိရပါတယ်။ မြောက်ဘက်ခြမ်းက အိမ်နီးချင်းနိုင်ငံတွေကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာပြီး အလယ်ပိုင်းဒေသသို့ လမ်းကြောင်း အတိုင်း မူယစ်ဆေးဝါးတွေတင်သွင်းလာတာဖြစ်ပါတယ်။

ယခင်က ဆင်ခြေဖုံးရပ်ကွက်နဲ့ အနီးတစ်ဝိုက်ရှိ နေအိမ်တွေကို မူယစ်ဆေးဝါးထားရာနေရာအဖြစ် အသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းမှာ မူးယစ်ဆေးဝါး ကွန်ရက်မှ သံသယရှိသူတွေကို ဖမ်းဆီးရမိခဲ့တာကြောင့် မူးယစ်ကွန်ရက်က မူးယစ်ဆေးဝါးတွေကို အတူတကွ တရားမဝင်ရွှေ့ပြောင်းခဲ့ပြီး အေးဂျင့် အဖွဲ့ငယ်တွေကို ဖြန့်ဝေဖို့ ပြင်ဆင်နေချိန် ဖမ်းဆီးရမိတာဖြစ်ပါတယ်။ ကြိုတင်ရရှိတဲ့ သတင်းအချက်အလက်တွေအရ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ နေအိမ်အတွင်း မူးယစ်ဆေးအပြင် ခိုးယူခံရတဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ ခရီးသွားလာရေး နှိမ်နှင်းရေးမူဝါဒတွေကို အလေးထားဆောင်ရွက်ဖို့ ဝန်ကြီးချုပ်က အမိန့်ထုတ်ခဲ့ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုတွေကို ရှာဖွေဖို့ ရလဒ်ကောင်းတွေကို ရရှိဖို့ ရှာဖွေ စစ်ဆေးမှုတွေကို တိုးချဲ့သွားမယ်လို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မူးယစ်ထုတ်လုပ်မှုနေရာတွေအထိ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံထဲကို မူယစ်ဆေးဝါးတွေ မဝင်ရောက်အောင် ကာကွယ်ဖို့နဲ့ ကြားဖြတ်ဖမ်းဆီးနိုင်မဲ့နည်းလမ်းတွေကို ပြန်လည်ပြင်ဆင်ပြီး အထူး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှုခင်းနေရာမှာဖမ်းမိတဲ့ သံသယရှိသူ လေးဦးကို စုံစမ်းစစ်ဆေးရေးမှူးက အမှုဖွင့်အရေးယူထားပါတယ်။ တရားမဝင် တားမြစ်မူးယစ်ဆေးဝါးတွေ လက်ဝယ်ထားရှိမှု၊ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးတွေ လက်ဝယ်ထားရှိမှု ရောင်းချမှုတို့နဲ့ အမှုဖွင့် အရေးယူထားတာပါ။

Ref : Thai PBS News
Photo : Thai PBS News
Website –