ဖားကန့်တွင် စစ်‌တပ်ကြောင့် တပတ်အတွင်း လူတဒါဇင်ကျော် သေးဆုံး။

ဖားကန့်တွင် စစ်‌တပ်ကြောင့် တပတ်အတွင်း လူတဒါဇင်ကျော် သေးဆုံး။

မေ ၊ ၁၁၊ ၂၀၂၆။

ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာအုပ်စုနဲ့ မှော်စီစာကျေးရွာတို့မှာ စစ်ကော်မရှင်လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူ တစ်ပတ်အတွင်း တစ်ဒါဇင်ကျော်ရှိတယ်လို့ သိရပါတယ်။

မေလ ၄ ရက်နေ့ကနေ ဒီကနေ့အထိ တပတ်တာအတွင်း စစ်ကော်မရှင်စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားနေတဲ့ ကုဋေကျေးရွာနဲ့ မှော်စီစာကျေးရွာတို့မှာ ဒေသခံပြည်သူထိခိုက်သေဆုံးမှုများနေပါတယ်။

” လက်နက်ကြီးကြောင့် ထိခိုက်တာများတယ်။ တခြားကတော့ပစ်ခံရတာနဲ့ ထောင်မိုင်းကြောင့်ထိခိုက်သေဆုံးတာပေါ့။ ခုအခြေနေကတော့ တိုက်ပွဲကငြိမ်လုနီးပါးတော့ ရှိနေတယ်” လို့ လုံးခင်းကျေးရွာမှနေထိုင်တဲ့ဒေသခံပြည်သူတစ်ဦးက Manau Voice ကိုပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လူနေရပ်ကွက်တွေအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာလူနေအိမ် ပျက်စီးမှုတွေလည်ရှိခဲ့သလို ပြည်သူတွေ ကျေးရွာအတွင်းပြန်လည်ဝင်ရောက်နေထိုင်ဖို့လည်း ခက်ခဲနေတယ်လို့သိရပါတယ်။

” နေရပ်ပြန်နေရအောင်ကလည် နေစရာအိမ်ကအကုန်စုတ်ပြတ်သွားပြီလေ။ အိမ်ထဲပစ္စည်းတွေက တန်ဖိုးရှိတာတွေအကုန်ယူသွားပေးတယ်။ မိုးတွင်းတွက်ဆိုပြီး စုဆောင်းထားတဲ့ရိက္ခာတွေလည်း အကုန်မရှိတော့ဘူး။ ထိခိုက်ဒဏ်ရာရထားတဲ့သူတွေကတော့ ခုချိန်ထိဆေးကုသနေတုန်းပါ”လို့ ကုဋေကျေးရွာမှာနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကော်မရှင်လက်ချက်ကြောင့် သေဆုံးသူ ၄ ဦး၊ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးထိ စာရင်းပြုစုနိုင်ခဲ့ပြီး မြေပြင်မှာလည်း ယခုထက်လည်း ပိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ မေလ ပထမအပတ်အပတ်ကစတင်ပြီး စစ်ကော်မရှင်တပ်က လုံးခင်းကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့သိရှိရပါတယ်။

သတင်း – Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ

ဓာတ်ပုံ- လုံးခင်းကျေးရွာနဲ့ မှော်စီစာကျေးရွာကြားစစ်ကော်မရှင်လက်ချက်ကြောင့် ထိခိုက်သေဆုံးသွားသူ။

Leave a Reply

Your email address will not be published. Required fields are marked *